YPS ကတ်ထဲမှာရှိတဲ့ လက်ကျန်ငွေကို ကိုယ်တိုင်စစ်လို့ရပါပြီ.....

2024-06-20 10:51:05 · Myanma Platform

YPS ကတ်ကိုအသုံးပြုပြီးကာခပေးချေတဲ့အခါ"ပိုက်ဆံမလုံလောက်ပါ"လို့  အသံထွက်လာမျိုးကြုံဖူးကြမယ်ထင်ပါတယ်။

ဒီလိုမျိုးမဖြစ်ရအောင်YPS card ထဲက လက်ကျန်ငွေကို အမြဲစစ်ဖို့ လိုအပ်ပါတယ်....

ဒါကြောင့်YPS ကတ်ထဲက ငွေလက်ကျန်ကို စစ်လို့ရနိုင်တဲ့နည်းလမ်းလေးတွေပြောပြပေးပါ့မယ်ရှင်။

YPS ကတ်ဖြတ် တဲ့အခါ YPS စက်မှာ လက်ကျန်ငွေကိုဖော်ပြပေးထားတာမို့လူကြီးမင်းတို့အသုံးပြုတဲ့ YPS Card ရဲ့ လက်ကျန်ငွေကို သိနိုင်ပါတယ်။

နောက်နည်းလမ်းတခုကMPyps+ Application ထဲမှာYPS QR icon လေးကို နှိပ်ပါ။

YPS Card Balance ဆိုတဲ့နေရာကိုနှိပ်ပြီးရင်YPS ကတ်ပေါ်မှာရှိတဲ့နံပါတ်ကို ရိုက်ထည့်ရုံဖြင့် YPS ကတ် ထဲမှာရှိတဲ့ လက်ကျန်ငွေကို ကိုယ်တိုင်စစ်လို့ရပါပြီ.....

အသေးစိတ်သိရှိလိုပါက
Yangon Payment Service Facebook Page Messenger ကနေစုံစမ်းမေးမြန်းနိုင်သလို
Call Center Phone Number: (Hotline နံပါတ်)
09969990905 သို့ တနင်္လာနေ့ မှ သောကြာနေ့အထိ ရုံးချိန်
(နံနက် (၉) နာရီ ) မှ
(ညနေ(၅) နာရီ) အတွင်းဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

#YangonBusPayment #YPS #YBS #Balance

Comment: 25

  • Report
  • Please Login before posting a comment

    User_zya9dy

    1600အဖြတ်ခံရတယ် တစ်ကြောင်းစာကို တော်တော်တရားလွန်နေပီ ဘယ်နေရာက တစ်ကြောင်းကို 1600ရှိလဲ ရှင်းပြပါ ssယူထားတယ် အလကားသူခိုးတွေ

    Reply2 days ago
    0

    User_zya9dy

    1600အဖြတ်ခံရတယ်

    Reply2 days ago
    0

    User 😍😍

    ဒီမနက်တုန်းက မြေနီကုန်းကနေ ၆မိုင်ခွဲကို ၁၂၀၀ ဖြတ်သွားတယ် အဲဒါဘာကြောင့်လဲ ကဒ်သုံးတာအဆင်ပြေချင်လို့သုံးတာ ဒီအတိုင်းဆိုရင် ကဒ်ကလုံးဝကိုအဆင်ပြေမနေဘူး ဘယ်လိုလုပ်နေကြတာလဲ

    Reply2 days ago
    0

    User_MUWdsl

    နိပ်မရဘူး

    Reply7 days ago
    1

    Kyaw kyaw

    k pay နဲ့ဘေဖြည့်လို့ရရင်တော်တေယ်အဆင်ပြေမယ်

    Reply8 days ago
    4

    User_432sTW

    Appလေးရှာပြီးဘယ်လိုဝင်ရလဲရှင့်

    Reply8 days ago
    0

    User_ Kaung myathein

    ဘယ်လိုငွေဖြည့်ရလဲဗျ

    Reply8 days ago
    0

    User_ Kaung myathein

    ဘယ်လိုပိုက်ဆံထည့်ရတာလဲ

    Reply8 days ago
    0

    User_k58Ick

    ဒီနေ့ 10 မိုင်ကနေ ပန်းခြံကုန်းစီတာ 1800 ဖြတ်သွားတယ် 10 မိုင်အတက်မှာ 1500 ဖြတ်တယ် အဆင်းမှာ 300 ဖြတ်တယ် ကြည့်လဲလုပ်ကျအုန်း

    Reply9 days ago
    1

    User_zCTUmR

    လက်ကျန်ငွေကို စစ်လိုက်တာ -1500 (တစ်ထောင့်ငါးရာ) ဖြတ်ထားတယ်။ ဖြစ်စဥ်ပြန်စဥ်းစားကြည့်တော့ အင်းစိန် လိုင်းက ကားတစ်စီး ကဒ်ဖြတ်တာ အသံမမြည်ဘူး.. အဲ့ဒါနဲ့ ဘေးကထိုင်လိုက်လာသူက "မီးစိမ်းပြီး ရတယ်" တဲ့ အဲ့ဖြစ်စဥ်တော့ သိပ်ဘဝင်မကျခဲ့တာ အမှန်ဘဲ... အဲ့လိုမျိုး yps card တွေကနေ တယောက် ၁၅၀၀ နဲ့ ဘယ်နှစ်ယောက်လောက်ခံရနေပြီလဲ.. ဒါကြောင့် ထည့်လိုက်တိုင်းကုန်နေကြတာများလား စဥ်းစားရင်းက သေချာတာ တစ်ခုက software သမားတွေ သစ္စာဖောက်နေပြီ ထင်တယ်။ Ref:လေး Serial number. 000209421514 -1500၊ Trade type- Expense၊ Exchange hour- 2024-06-08...17:24:51

    Reply9 days ago
    1
    • 25

    • 0

    • 1

    Myanma Platform
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore