ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ထိထိရောက်ရောက် ပိုက်ဆံစုနိုင်မယ့်နည်းလမ်းများ

2024-06-25 09:00:00 · Daily Lifestyle

ချွေတာစုဆောင်း သူဌေးလောင်း ဆိုတာမျိုးက လိုချင်တိုင်း လိုအပ်တိုင်းဝယ်နေတဲ့သူတွေအတွက် လိုက်လုပ်ဖို့မလွယ်ကူပါဘူး။ ဒါပေမဲ့ ပါးစပ်မပါတဲ့ငွေဟာနေရာတိုင်းမှာစကားပြောလေ့ရှိတဲ့အတွက် ဘဝမှာ ငွေကြေးစုဆောင်းခြင်းဆိုတာကိုမဖြစ်မနေလုပ်သင့်ပါတယ်။ ဒါမှလည်း ကျန်းမာရေး၊ လူမှုရေးနဲ့အရေးကိစ္စပေါင်းများစွာကို ကောင်းစွာဖြေရှင်းနိုင်မှာပါ။ ဒီတော့ ငွေကိုဘယ်လိုစုကြမလဲ။

လောကမှာအသက်ကိုအာမခံထားရတဲ့ကိစ္စတွေမှာတောင် ကိုယ့်အသက်ကိုစတေးသင့်ရင်စတေးရတဲ့ရွေးချယ်မှုမျိုးတွေရှိတတ်ပါတယ်။ ဒါဆိုရင် မဖြစ်မနေငွေစုရမယ်ဆိုတဲ့ကိစ္စမှာလည်း ပျက်ကွက်တာတွေရှိကိုရှိလာမှာပါ။ အဲဒီလိုပျက်ကွက်တာတွေများလာရင် ငွေစုတာကလည်းအောင်မြင်မှာမဟုတ်ပါဘူး။ ပလိုင်းပေါက်နဲ့ ဖားကောက်သလိုပဲဖြစ်နေမှာပါ။ နောက်ပြီးတော့ ငါငွေစုရဦးမယ် ချွေတာမှ၊ ငါငွေစုရဦးမယ် စားချင်ပေမယ့်မစားတော့ပါဘူးလေဆိုရင်လည်း ငွေစုတာက နေ့စဉ်ဝန်ထုပ်ဝန်ပိုးထမ်းထားရသလိုဖြစ်နေမှာပါ။ ဒါကြောင့် ဝန်ထုပ်ဝန်ပိုးလည်းမဖြစ်အောင် တကယ်လည်းငွေစုဖြစ် မယ့်နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ အချက်သိပ်များများမဟုတ်လို့ လိုက်လုပ်ကြည့်ဖို့လည်းတိုက်တွန်းလိုပါတယ်။

(1)အသုံးစရိတ်တိုင်းရဲ့ဆယ်ရာခိုင်နှုန်းကိုစုပါ

ဒါကတော့ တန်ဖိုးကြီးကြီးမားမားပစ္စည်းဝယ်မယ်လုပ်တိုင်း အဲဒီပစ္စည်းတန်ဖိုးရဲ့ ဆယ်ရာခိုင်နှုန်းကိုဖယ်ပြီး ကျန်တဲ့ပိုက်ဆံနဲ့လောက်အောင်ဝယ်ဖို့ပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်လိုချင်တာလည်းရပြီး ငွေလည်းစုမိတဲ့အတွက် ဝန်ထုပ်ဝန်ပိုးလည်းမဖြစ်တော့ပါဘူး။ အဲဒီလို တစ်လအတွင်း ကိုယ်ဝယ်မယ့်ပစ္စည်းတန်ဖိုးရဲ့ ဆယ်ရာခိုင်နှုန်းတိုင်းကိုပုံမှန်စုသွားမယ်ဆိုရင်သင့်အတွက်လုံလောက်တဲ့ငွေပမာဏစုမိစေမှာပါ။

(2)ပြစ်ဒဏ်ပေးရင်းစုပါ

ဒီနည်းက သင့်ရဲ့မကောင်းတဲ့အကျင့်တွေကိုပြုပြင်ပြီးသားဖြစ်သလို ငွေလည်းစုမိစေမယ့်နည်းဖြစ်ပါတယ်။ ဥပမာ သင့်တစ်နေ့တာလုပ်ရမယ့်အလုပ်တွေထဲမှာ ဘယ်ဟာတွေပျက်ကွက်သွားသလဲပြန်သုံးသပ်ပြီး တစ်ချက်ပျက်ကွက်တိုင်း ပမာဏတစ်ခုသတ်မှတ်ပြီးစုမယ်ဆိုရင် သေချာပေါက်ငွေစုမိမှာပါ။ အဲဒီအတွက် နေ့စဉ်ပလန်ရှိနေဖို့တော့လိုပါတယ်။ နောက်တစ်ခုက သင့်ရဲ့မကောင်းတဲ့အကျင့်တစ်ခုခြင်းစီကအစ ပြုပြင်နေထိုင်သွားနိုင်အောင် လေ့ကျင့်ပြီးသားလည်းဖြစ်စေမှာပါ။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Daily Lifestyle
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore