ကားမောင်းနေရင်း သီချင်းနားထောင်ရင် ဘာအကျိုးကျေးဇူးတွေရနိင်မလည်း ..

2024-06-17 09:00:00 · Daily Lifestyle

တချို့သောသူများသည် ခရီးစဉ်တစ်လျှောက် သီချင်းများ ဖွင့်ထားပြီး ကားကို မောင်းနှင်လေ့ရှိကြပါတယ် ။ သင်ဟာ ကားမောင်းနေစဉ်ကာလမှာ သီချင်းဖွင့်ပြီး နားထောင်ရခြင်းကို ကြိုက်နှစ်သက်ပြီး လုပ်လေ့လုပ်ထရှိပါသလား ။ ဒါဆိုရင်တော့ ကားမောင်းနေရင်း သီချင်း နားထောင်တဲ့အခါ ရရှိလာမဲ့ အကျိုးကျေးဇူးကို သိချင်နေမှာပဲ ဖြစ်ပါတယ် ။ ဘယ်လိုကျေးဇူးလည်းဆိုတာကို ဆက်ဖတ်လိုက်ရအောင်နော် …။

ကားမောင်းနေတဲ့အခါမှာ သင်ဟာ အရာအားလုံးကို အာရုံစိုက်ကာမောင်းနှင်နေရတာပဲဖြစ်ပါတယ် ။ ကားပိတ်နေချိန်အချိန်ကာလမှာလည်း ကားမောင်းသူတိုင်း စိတ်ညစ် နေရမှာပဲဖြစ်ပါတယ် ။ ဒီလို ကြုံတွေ့ရတဲ့အခါမှာ ကားမောင်းသူတွေဟာ စိတ်ရှုပ်ခြင်း ၊ စိတ်ကျဉ်းကြပ်ခြင်းတို့ကို ကြုံတွေ့လာရတာပဲဖြစ်ပါတယ် ။

ကားမောင်းသူတိုင်း ခံစားရတဲ့ ပြသာနာတွေကြောင့် စိတ်ဖိစီးမှု တွေဟာ ကားမောင်းသူတွေရဲ့ ကျန်းမာရေးကို ထိခိုက်လာပါတယ် ။စိတ်ဖိစီးမှုဟာအချိန်ကြာလာရင်တော့  နှလုံးကျန်းမာရေးကို ထိခိုက်လာမှာပဲဖြစ်ပါတယ် ။

စိတ်ဖိစီးမှု တွေကြုံတွေ့လာရတဲ့အခါမှာ နှလုံးခုန်နှုန်းများနှင့် သွေးတွင်းဖိအားတွေ ဟာ ပုံမှန်မဟုတ်ဘဲ မြင့်တက်လာပါတယ် ။ဒီလို ဖြစ်ပေါ်လာတဲ့အခါမှာ ကားမောင်းနေရင်း ရုတ်တရပ် သေဆုံးသွားခြင်းကိုတောင် ဖြစ်ပေါ်လာနိုင်တာပဲဖြစ်ပါတယ် ။နှလုံးခုန်မြန်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းဝေဒနာတို့ကိုပါ ခံစားရစေမှာပါ။

ကားမောင်းနေစဉ် သီချင်းဖွင့်ထားမယ်ဆိုရင်တော့ စိတ်ဖိစီးမှုကို သက်သာ စေတဲ့အတွက်ကြောင့် သင့်နှလုံးကျန်းမာရေးကို စိတ်ပူစရာမလိုတဲ့အပြင် သင့်စိတ်ကိုပါ သက်တောင့်သက်သာ ရှိနေစေမှာဖြစ်ပါတယ် ။

သီချင်း နားထောင်ရန် ရွေးချယ်တဲ့အခါမှာလည်း စာသားပါဝင်တဲ့ သီချင်းများကို ရွေးချယ်ခြင်းထပ် classic ဆန်ပြီး သင့်စိတ်ကို အေးချမ်းစေမဲ့ တီးလုံးများ ၊ တယောသံများကို ရွေးချယ်ဖွင့်သင့်တာပဲဖြစ်ပါတယ် ။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Daily Lifestyle
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore